ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါအရည်အချင်း သတ်မှတ်ချက်များ

အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

၁။      အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။

၂။       အနည်းဆုံး သိက္ခာဝါ(၆၀)ရှိခြင်း။

၃။      ဗဟုသုတအကြားအမြင်များခြင်း။

၄။      သာသနာတော်အတွက် ကျေးဇူးများသော ဗုဒ္ဓစာပေကျမ်းဂန် ရေးသားခြင်း။

၅။      ပရိယတ္တိစာသင်တိုက် ဦးစီးပဓါနနာယကဖြစ်ခြင်း။

၆။      တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း ဩဇာတိက္ကမကြီးမားခြင်း။

၇။      သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားခြင်းကြောင့် အများပြည်သူတို့၏ ကြည်ညိုလေးစားမှု ခံရခြင်း။

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

၁။      အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။

၂။       အနည်းဆုံးသိက္ခာဝါ(၄၀) ရှိခြင်း။

၃။      သီလဝန္တဖြစ်ခြင်း။

၄။      ဓမ္မာစရိယစာချတန်း အောင်မြင်ပြီးဖြစ်ခြင်း။

၅။      ပါဠိတော်၊ အဋ္ဌကထာ ဋီကာတို့၌ ကျွမ်းကျင်၍ ကျမ်းဂန် ရေးသားပြုစုခြင်း။

၆။      ပါဠိတော်၊ အဋ္ဌကထာ ဋီကာ စသည်တို့ကို အမြဲမပြတ်ပို့ချခြင်း။      

၇။      ပရိယတ္တိစာသင်တိုက် ဦးဆောင်နာယကဖြစ်ခြင်း။

၈။      တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း ဩဇာတိက္ကမကြီးမားခြင်း။

၉။      ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်ဂုဏ်အင်္ဂါအရည်အချင်း

၁။      ပိဋကတ်သုံးပုံ နှုတ်ငုံဆောင် စွမ်းနိုင်၍ တိပိဋကဓရ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။

၂။       ပိဋကတ်သုံးပုံ၏ ခဲရာခဲဆစ် မေးခွန်းတို့ကိုဖြေစွမ်းနိုင်၍ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီး ဖြစ်ခြင်း။

၃။      တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးနောက် (၅)နှစ်သက်တမ်း ပြည့်မြောက်ခြင်း။

၄။      သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်နှင့် ပြည့်စုံခြင်း။

မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

၁။      ဓမ္မကထိကဗဟုဇနဟိတရေဘွဲ့ ဆက်ကပ်ခံရပြီးဖြစ်ခြင်း။

၂။       အနည်းဆုံး သိက္ခာဝါ (၃၀) ရှိခြင်း။

၃။      သီလဝန္တဖြစ်ခြင်း။

၄။      ဓမ္မာစရိယစာချတန်း အောင်မြင်ပြီးဖြစ်ခြင်း။

၅။      အနည်းဆုံး နှစ်(၂၀) နယ်လှည့်တရားဟောခဲ့ခြင်း။

၆။      နိုင်ငံတစ်ဝန်း တရားဟောကြားမှု ထင်ရှားကျော်ကြားခြင်း။

၇။      ထေရဝါဒပိဋကကျမ်းစာများနှင့် လျော်ညီစွာ နယ်လှည့်ဟောကြားနေခြင်း၊

၈။      ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောခြင်း။

၉။      သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အား ဆန့်ကျင်ဘက် မပြုသူဖြစ်ခြင်း။

၁၀။    ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်(ဓမ္မကထိက ဒုတိယဆင့်) ဂုဏ်အင်္ဂါအရည်အချင်း

၁။      အနည်းဆုံး သိက္ခာဝါ (၂၀)ရှိခြင်း။

၂။       သီလဝန္တဖြစ်ခြင်း။

၃။      ဓမ္မာစရိယစာချတန်း အောင်မြင်ပြီးဖြစ်ခြင်း။

၄။      အနည်းဆုံး(၁၀)နှစ် နယ်လှည့်တရားဟောကြားခဲ့ခြင်း။

၅။      သက်ဆိုင်ရာဒေသအတွင်း တရားဟောကြားမှု ထင်ရှားကျော်ကြားခြင်း။

၆။      ထေရဝါဒပိဋကကျမ်းစာများနှင့်လျော်ညီစွာ နယ်လှည့်ဟောကြားနေခြင်း။

၇။      ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောခြင်း။

၈။      သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက် မပြုသူဖြစ်ခြင်း။

၉။      ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်(စာချဘွဲ့ ပထမဆင့်) ဂုဏ်အင်္ဂါအရည်အချင်း

၁။      အနည်းဆုံးသိက္ခာဝါ (၃၀) ရှိခြင်း။

၂။       သီလဝန္တဖြစ်ခြင်း။

၃။      ဓမ္မာစရိယစာချတန်း အောင်မြင်ပြီး ဖြစ်ခြင်း။

၄။      စာချသက်တမ်း အနည်းဆုံး (၁၅) နှစ်ရှိခြင်း။

၅။      တစ်နေ့တာ ပို့ချသောစာဝါများ၌ ဓမ္မာစရိယ စာမေးပွဲဆိုင်ရာ ကျမ်းစာများ၊ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ ကျမ်းများကို အနည်းဆုံးစာဝါ(၁)ဝါပို့ချဆဲဖြစ်ခြင်း။

၆။      တစ်နေ့တာပို့ချသော ဓမ္မာစရိယစာဝါများ၌ စုစုပေါင်းစာလိုက်သံဃာမြို့ကြီးများတွင် အပါး(၃၀)ရှိ၍ မြို့ငယ်များနှင့် ကျေးရွာကြီးများတွင် စာလိုက်သံဃာ (၁၅)ပါး ရှိခြင်း။

၇။      သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အား ဆန့်ကျင်ဘက် မပြုသူဖြစ်ခြင်း။        

၈။      ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်(စာချဘွဲ့ ဒုတိယဆင့်) ဂုဏ်အင်္ဂါအရည်အချင်း

၁။      အနည်းဆုံး သိက္ခာဝါ (၂၀) ရှိခြင်း။

၂။       သီလဝန္တဖြစ်ခြင်း။

၃။      ဓမ္မာစရိယစာချတန်း အောင်မြင်ပြီးဖြစ်ခြင်း။

၄။      စာချသက်တမ်းအနည်းဆုံး(၁၀)နှစ် ရှိခြင်း။

၅။      ပထမကြီးတန်းအဆင့် ကျမ်းစာများကို ကျွမ်းကျင်စွာပို့ချဆဲဖြစ်ခြင်း။

၆။      မြို့ကြီးများတွင် တစ်နေ့တာပို့ချသော စာဝါများ၌ စုစုပေါင်းစာလိုက် သံဃာအပါး(၄၀)ရှိ၍ မြို့ငယ်များနှင့် ကျေးရွာကြီးများတွင် အနည်းဆုံး အပါး(၂၅)ရှိခြင်း။

၇။      သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက် မပြုသူဖြစ်ခြင်း။

၈။      ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်(စာချဘွဲ့ ဒုတိယဆင့်) ဂုဏ်အင်္ဂါအရည်အချင်း

၁။      အနည်းဆုံး သိက္ခာဝါ (၁၀) ဝါရှိခြင်း။

၂။       သီလဝန္တဖြစ်ခြင်း။

၃။      ပထမကြီးတန်း အောင်မြင်ပြီးဖြစ်ခြင်း။

၄။      စာချသက်တမ်းအနည်းဆုံး(၅)နှစ် ရှိခြင်း။

၅။      ပထမလတ်တန်းနှင့် ပထမငယ်တန်းဆိုင်ရာကျမ်းစာများကို ကျွမ်းကျင်စွာပို့ချဆဲဖြစ်ခြင်း။

၆။      မြို့ကြီးများတွင် တစ်နေ့တာပို့ချသော စာဝါများ၌ စုစုပေါင်းစာလိုက်သံဃာအပါး(၂၀)ရှိ၍ မြို့ငယ်များတွင် အနည်းဆုံး (၁၅)ပါးရှိခြင်း၊  ကျေးရွာများတွင် အနည်းဆုံး (၁၀)ပါးရှိခြင်း။

၇။      သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အား ဆန့်ကျင်ဘက် မပြုသူဖြစ်ခြင်း။

၈။      ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

၁။      အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။

၂။       အနည်းဆုံး သက်တော်  နှစ်( ၈၀) ရှိခြင်း။

၃။      သာသနာ့ဝန်ထမ်းဖြစ်ခြင်း။

၄။      သာသနာပြုလုပ်ငန်းများကို အနည်းဆုံး နှစ်(၃၀) ဆောင်ရွက်ခဲ့ခြင်း (သို့မဟုတ်) ဗုဒ္ဓသာသနာတော်ထွန်းကား ပြန့်ပွားရေးအတွက် ထူးခြားစွာဆောင်ရွက်တော်မူခြင်း။

၅။      သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားခြင်းကြောင့် အများပြည်သူတို့၏ ကြည်ညိုလေးစားမှု ခံရခြင်း။

၆။      သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇတံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

၁။      အနည်းဆုံး သက်တော် နှစ်(၅၀) ရှိခြင်း။

၂။       သီလဝန္တဖြစ်ခြင်း။

၃။      သာသနာပြုလုပ်ငန်းများကို အနည်းဆုံး နှစ်(၂၀) ဆောင်ရွက်ခဲ့ခြင်း။

၄။      သာသနာ့ဝန်ထမ်းဖြစ်ခြင်း။

၅။      စာပေသင်ကြားပေးခြင်းဖြင့်ဖြစ်စေ၊ တရားဟောကြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဗုဒ္ဓသာသနာ နုဂ္ဂဟဝင် အနည်းဆုံးဦးရေ ၁၀၀ ဦး ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း။

၆။      သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

၇။      ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

၁။      အနည်းဆုံး သက်တော် နှစ်(၄၀) ရှိခြင်း။

၂။       သီလဝန္တဖြစ်ခြင်း။

၃။      သာသနာပြုလုပ်ငန်းများကို အနည်းဆုံး (၁၀)နှစ် ဆောင်ရွက်ခဲ့ခြင်း။

၄။      စာပေသင်ကြားပေးခြင်းဖြင့်ဖြစ်စေ၊ တရားဟောကြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဗုဒ္ဓသာသနာ နုဂ္ဂဟဝင် အနည်းဆုံး ၇၅ ဦး ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း။

၅။      သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

၆။      ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

၁။      အနည်းဆုံး သက်တော် နှစ်(၃၀) ရှိခြင်း။

၂။       သီလဝန္တဖြစ်ခြင်း။

၃။      သာသနာပြုလုပ်ငန်းများကို အနည်းဆုံး (၅)နှစ် ဆောင်ရွက်ခဲ့ခြင်း။

၄။      စာပေသင်ကြားပေးခြင်းဖြင့်ဖြစ်စေ၊ တရားဟောကြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဗုဒ္ဓသာသနာ နုဂ္ဂဟဝင် အနည်းဆုံးဦးရေ  ၅၀ ဦး ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း။

၅။      သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

၆။      ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

အဂ္ဂမဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

၁။      သက်တော် နှစ်(၅၀) ရှိခြင်း။

၂။       သီလဝန္တဖြစ်ခြင်း။

၃။      ကမ္မဌာန်းရိပ်သာတစ်ခုကို ကြီးကြပ်ကွပ်ကဲအုပ်ချုပ်လျက် အနည်းဆုံး (၁၅)နှစ် ကမ္မဌာန်းပြသခဲ့ခြင်း။

၄။      ဓမ္မာစရိယစာချတန်း အောင်မြင်ခြင်း (သို့မဟုတ်) ပိဋကကျမ်းစာများ သင်ယူဖူးခြင်း။

၅။      ထေရဝါဒပါဋ္ဌိ၊ ပိဋကတော်လာ ကမ္မဋ္ဌာန်းနည်းများကိုသာပြသခြင်း။

၆။      ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောပြသခြင်း။

၇။      ကမ္မဋ္ဌာန်းရိပ်သာတွင် တစ်နှစ်အတွင်း တရားအားထုတ်သော ယောဂီဦးရေ ၁၀၀၀  အထက်ရှိခြင်း။

၈။      သံဃာ့အဖွဲ့အစည်း အဆင့်အဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

၉။      ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

မဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

၁။      သက်တော် နှစ်(၄၀) ရှိခြင်း။

၂။       သီလဝန္တဖြစ်ခြင်း။

၃။      ကမ္မဌာန်းရိပ်သာတစ်ခုကို ကြီးကြပ်ကွပ်ကဲအုပ်ချုပ်လျက် အနည်းဆုံး(၁၀)နှစ် ကမ္မဌာန်းပြသခဲ့ခြင်း။

၄။      ဓမ္မာစရိယစာချတန်း အောင်မြင်ခြင်း (သို့မဟုတ်) ပိဋကကျမ်းစာများ သင်ယူဖူးခြင်း။

၅။      ထေရဝါဒပါဋ္ဌိ၊ ပိဋကတော်လာ ကမ္မဋ္ဌာန်းနည်းများကိုသာပြသခြင်း။

၄၄

၆။      ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောပြသခြင်း။

၇။      ကမ္မဋ္ဌာန်းရိပ်သာတွင် တစ်နှစ်အတွင်း တရားအားထုတ်သော ယောဂီဦးရေ ၅၀၀ အထက် ရှိခြင်း။

၈။      သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

၉။      ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

ကမ္မဌာနာစရိယဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

၁။      သက်တော် နှစ်(၃၀) ရှိခြင်း။

၂။       သီလဝန္တဖြစ်ခြင်း။

၃။      ကမ္မဌာန်းရိပ်သာတစ်ခုတွင် အနည်းဆုံး (၅)နှစ် ကမ္မဌာန်းပြသခဲ့ခြင်း။

၄။      ဓမ္မာစရိယစာချတန်း အောင်မြင်ခြင်း (သို့မဟုတ်) ပိဋကကျမ်းစာများ သင်ယူဖူးခြင်း။

၅။      ထေရဝါဒပါဋ္ဌိ၊ ပိဋကတော်လာ ကမ္မဋ္ဌာန်းနည်းများကိုသာပြသခြင်း။

၆။      ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောပြသခြင်း။

၇။      ကမ္မဋ္ဌာန်းရိပ်သာတွင် တစ်နှစ်အတွင်း တရားအားထုတ်သော ယောဂီဦးရေ ၃၀၀ အထက် ရှိခြင်း။

၈။      သံဃာ့အဖွဲ့အစည်း အဆင့်အဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

၉။      ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။